
ROYAL ROSE
日本とミャンマー・タイを繋ぐ、信頼の架け橋へ。
ဂျပန်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ပေးသော ယုံကြည်စိတ်ချရသည့် တံတားတစ်စင်းအဖြစ်…
アジアと日本の未来を繋ぐ、確かな架け橋として
近年、日本とミャンマー・タイをはじめとする東南アジア諸国との結びつきは、物流・人材・食文化などあらゆる面でより深く、切っても切れないものとなっています。しかし、国境を越えたビジネスや生活の現場には、言語の壁、習慣やルールの違い、物流の不透明さなど、今なお多くの課題が存在します。
私たちは、単に商品を運ぶだけでなく、単に言葉を訳すだけでもありません。現場に根ざした深い専門性と現地ネットワークを活かし、双方の立場に寄り添った「誠実なサポート」を提供することこそが、私たちの使命だと考えております。
日本から届ける高品質なリユース商品が現地の人々の暮らしを豊かにし、ミャンマー・タイから日本へ渡る留学生や実習生が安心して夢を追いかけられる。そして、食や言葉を通じて国籍を超えた笑顔が広がる。そんな「人・モノ・文化」が循環する温かい社会を、地域の皆様、お取引先様と共に築いてまいりたいと考えております。
今後とも、より一層のご支援とご愛顧を賜りますよう、心よりお願い申し上げます。
代表取締役 長岡 健司
အာရှနှင့် ဂျပန်နိုင်ငံ၏ အနာဂတ်ကို ချိတ်ဆက်ပေးမည့် ခိုင်မာသော တံတားတစ်စင်းအဖြစ်
မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံနှင့် မြန်မာ၊ ထိုင်း အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအကြား ဆက်ဆံရေးသည် ကုန်စည်ပို့ဆောင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စားသောက်ကုန်ယဉ်ကျေးမှု
စသည့် ကဏ္ဍပေါင်းစုံတွင် ပိုမိုနက်ရှိုင်းလာပြီး ခွဲခြား၍မရအောင် အရေးပါလာခဲ့ပါသည်။ သို့သော်လည်း နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများနှင့် နေ့စဉ်လူနေမှုဘဝများတွင် ဘာသာစကား အခက်အခဲ၊ ဓလေ့ထုံးတမ်းနှင့် စည်းမျဉ်းများ ကွဲပြားမှု၊ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ မရေရာမှုများ စသည့် စိန်ခေါ်မှုများစွာ ကျန်ရှိနေသေးသည်။
ကျွန်ုပ်တို့သည် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရုံ သို့မဟုတ် ဘာသာစကားကို ပြန်ဆိုပေးရုံမျှသာ မဟုတ်ပါ။ လက်တွေ့နယ်ပယ်တွင် အခြေပြုထားသော နက်ရှိုင်းသော ကျွမ်းကျင်မှုများနှင့် ဒေသတွင်း ကွန်ရက်များကို အသုံးပြု၍ နှစ်ဦးနှစ်ဖက်လုံး၏ အနေအထားကို နားလည်ပေးနိုင်သော "ရိုးသားထက်သန်သော ပံ့ပိုးကူညီမှု" ကို ပေးအပ်ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု ယုံကြည်ပါသည်။
ဂျပန်နိုင်ငံမှ ပေးပို့လိုက်သော အရည်အသွေးမြင့် တစ်ပတ်ရစ် ကုန်ပစ္စည်းများသည် ဒေသတွင်း ပြည်သူများ၏ လူနေမှုကို ပိုမိုပြည့်စုံစေပြီး၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ဂျပန်နိုင်ငံသို့ လာရောက်ကြသည့် ပညာတော်သင်များနှင့် သင်တန်းသားများသည် စိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏ အိမ်မက်များကို အကောင်အထည်ဖော်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အစားအသောက်နှင့် ဘာသာစကားမှတဆင့် လူမျိုးနွယ်စုများ ထက်ကျော်လွန်၍ ပြုံးရွှင်မှုများ ပြန့်နှံ့သွားမည်ဖြစ်သည်။ ဤသို့သော "လူ၊ ကုန်ပစ္စည်း၊ ယဉ်ကျေးမှု" တို့ လှည့်ပတ်စီးဆင်းသည့် နွေးထွေးသော လူ့အဖွဲ့အစည်းတစ်ခုကို ဒေသတွင်း ပြည်သူများ၊ စီးပွားရေး မိတ်ဖက်များနှင့်အတူ တည်ဆောက်သွားလိုပါသည်။
နောင်အနာဂတ်တွင်လည်း ဆက်လက်၍ ပိုမိုအားပေးကူညီမှုနှင့် ယုံကြည်အားကိုးမှုများ ပေးအပ်ကြပါရန် လှိုက်လှဲစွာ မေတ္တာရပ်ခံအပ်ပါသည်။
CEO Kenji Nagaoka


企業理念(PHILOSOPHY)
国境を越え、人と文化を繋ぎ、共に豊かになる未来を創る
နယ်စပ်ကို ကျော်လွန်၍ လူထုနှင့် ယဉ်ကျေးမှုကို ချိတ်ဆက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ဖန်တီးကြပါစို့
代表メッセージ(နှုတ်ခွန်းဆက်စကား)
私たちは、日本とミャンマー・タイをはじめとする東南アジア諸国との間に、誠実で持続可能な循環を生み出すことを目指しています。
価値あるモノを届ける「貿易」、言葉と心を繋ぐ「翻訳・通訳」、夢を追う人を育む「留学生支援」、そして地域の憩いとなる「食文化の提供」。
多様な事業を通じて、地域社会や人と人との深い信頼関係を築き、国境を越えた豊かな未来の実現に貢献します。
ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအကြား ရိုးသားပွင့်လင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော အပြန်အလှန်အကျိုးပြုသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးတည်ဆောက်နိုင်ရန် ရည်ရွယ်ထားပါသည်။ တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ပို့ဆောင်ပေးသည့် 「ကုန်သွယ်ရေး」၊ ဘာသာစကားနှင့် စိတ်နှလုံးများကို ချိတ်ဆက်ပေးသည့် 「ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှု」၊ အိပ်မက်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသူများကို ပျိုးထောင်ကူညီပေးသည့် 「နိုင်ငံတကာကျောင်းသားများ ပံ့ပိုးကူညီရေး」၊ ထို့အပြင် ဒေသခံများအတွက် အပန်းဖြေအနားယူရာ နေရာတစ်ခုကို ဖန်တီးပေးသည့် 「အစားအသောက်ယဉ်ကျေးမှု မိတ်ဆက်ပေးခြင်း」 တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းနယ်ပယ်မျိုးစုံမှတစ်ဆင့် ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် လူတစ်ဦးချင်းစီအကြား နက်ရှိုင်းခိုင်မာသော ယုံကြည်မှုဆက်ဆံရေးများကို တည်ဆောက်ကာ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်သည့် သာယာဝပြောသော အနာဂတ်တစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် ကျွန်ုပ်တို့ ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။


弊社について(ကုမ္ပဏီအကြောင်း)
ミャンマー・タイに特化した、総合的な事業展開(မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် ဝန်ဆောင်မှုပေးနေသော ဘက်စုံ လုပ်ငန်းဆောင်ရွက်ချက်များ)








事業案内(OUR SERVICES)
ROYAL ROSE မှ လုပ်ငန်းဆောင်ရွက်ချက်များ
貿易事業
Trade & Logistics
日本の高品質な中古品(自動車部品・家具・家電・古着・雑貨)を厳選。タイ・ミャンマー国境(Transit)を経由する確かな物流ルートで、現地までスピーディー&安全にお届けします。
ဂျပန်နိုင်ငံမှ အရည်အသွေးမြင့် တစ်ပတ်ရစ်ပစ္စည်းများ (မော်တော်ယာဉ်အပိုပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်အဟောင်းများနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ) ကို အထူးဂရုပြုရွေးချယ်ထားပါသည်။ ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းသယ်ယူပို့ဆောင်ရေး (Transit) လမ်းကြောင်းကို အသုံးပြုပြီး၊ လူကြီးမင်းတို့၏ ပစ္စည်းများကို လျင်မြန်ပြီး ဘေးကင်းစိတ်ချစွာဖြင့် လက်ဝယ်အရောက် ပို့ဆောင်ပေးလျက်ရှိပါသည်။
ミャンマー・タイからの留学生に特化。来日前の準備から日本語教育、生活立ち上げ、進学・就職コンサルティングまでワンストップで伴走します。
မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ပညာတော်သင် ကျောင်းသားများကို အထူးပြု ဝန်ဆောင်မှုပေးပါသည်။ ဂျပန်နိုင်ငံသို့ မလာရောက်မီ ပြင်ဆင်မှုများမှစ၍ ဂျပန်ဘာသာစကား ပညာရေး၊ နေ့စဉ်လူနေမှုဘဝ အစပြုနိုင်ရေးနှင့် အထက်တန်းကျောင်း/တက္ကသိုလ် တက်ရောက်ရေး၊ အလုပ်အကိုင် ရှာဖွေရေး တိုင်ပင်ဆွေးနွေးမှုများအထိ စတင်ချိန်မှ အဆုံးအထိ တစ်နေရာတည်းတွင် အပြည့်အဝ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
留学生・技能実習生、受け入れ企業・団体様向け。行政手続き、病院受診、現場指導など、ミャンマー語・タイ語に精通したスタッフが言葉の壁を解消します。
ပညာတော်သင် ကျောင်းသားများ၊ ကျွမ်းကျင်လုပ်သားများနှင့် ၎င်းတို့ကို လက်ခံထားသော ကုမ္ပဏီများ၊ အဖွဲ့အစည်းများအတွက် ဝန်ဆောင်မှု ပေးပါသည်။ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဆေးရုံပြသခြင်းနှင့် လုပ်ငန်းခွင် သင်တန်းပေးခြင်း စသည်တို့တွင် မြန်မာဘာသာနှင့် ထိုင်းဘာသာစကားကို ကျွမ်းကျင်သော ဝန်ဆောင်မှုအဖွဲ့က ဘာသာစကား အခက်အခဲများကို ဖြေရှင်းပေးပါမည်။
本格的なミャンマー&アジア料理を提供するアジアンレストランを運営。誰もが心から「なごめる」憩いの場と、本場の味覚をお届けします。
စစ်မှန်သော မြန်မာနှင့် အာရှ ရိုးရာ အစားအသောက်များကို ရရှိနိုင်သည့် အာရှ စားသောက်ဆိုင်ကို ဖွင့်လှစ်ထားပါသည်။ လူတိုင်း စိတ်အေးချမ်းသာစွာဖြင့် "နွေးထွေးစွာ အနားယူနိုင်မည့်" နေရာတစ်ခုနှင့်အတူ စစ်မှန်သော အရသာများကို ပို့ဆောင်ပေးလျက်ရှိပါသည်။
翻訳・通訳事業
Translation&Interpretation
留学生支援・教育事業
Education&Student Support
飲食事業「なごみ」
Asian Restaurant